Office Furniture မဝယ်ခင် သိထားသင့်သည့်အချက်များ

By | November 25, 2020| 0 Comments
Novel
  1. Product Quality
  2. Delivery Time Frame
  3. Product Warranty
  4. Price
  5. Customer Services

1 – Product Quality _ အ​ရေးကြီးတဲ့အချက်ပါ။ (Quality ပိုင်းဆိုင်ရာ အချက်များစွာရှိ​ပေမယ့် အသုံးပြုသူ Customer များအတွက် သိသင့်သည့် အချက်အချို့ကိုပဲ ​ပြောပြ​ပေးသွားပါမယ်)
▪️Fomaldehype ပါဝင်မှုနည်းပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်​စေ​​သော၊ ဘက်တီးရီးယား ပိုးမွှားများ အလွယ်တကူမကပ်ညှိနိုင်၍ လူကိုအန္တရယ်မ​ပေးနိုင်​သော E0, E1 Grade MFC/MDF များဖြင့် ထုတ်လုပ်ထား​သော ပစ္စည်းများကို ​ရွေးချယ်ဝယ်ယူသင့်ပါတယ်။
▪️Woodgrain Finish အနားသတ်များဟာလည်း အ​ရေးကြီးပါတယ်။ ​​Edge Banding များကို​ သေချာအသုံးပြုခြင်းမရှိသည့် Worktop များဟာ လှပသပ်ရပ်မှုမရှိသည့်အပြင် ဝယ်ယူပြီးမကြာခင် အလွယ်တယူကွာထွက်သွားနိုင်ပါတယ်။ အရည်​အ​သွေးညံ့​ပြီး ​စျေးအလွန်​ပေါ​သည့် အချို့ပစ္စည်းများမှာ ​တွေ့ရတတ်ပါတယ်။ (ပုံများတွင် နှိုင်းယှဥ်ပြ​ပေးထားပါတယ်)
▪️Metal/Steel Frame Beam နဲ့ Legs များဟာ ပါးလွှာသည့် Color Spray များကို အသုံးပြုထားခြင်းထက် Powder Coated Finish များဖြင့် ပြုလုပ်ထား​​သော ပစ္စည်းများက ပိုမို လှပသပ်ရပ်ကာ ကြာရှည်စွာအသုံးပြုနိုင်ပြီး အကြမ်းခံပါတယ်။ (Aluminium/Steel အထူ/အပါးကလည်း ​တောင့်တင်းခိုင်မာဖို့အတွက် အ​ရေးကြီးပါတယ်)

2 – Delivery of Time Frame _ ဒီအချက်က​တော့ ရှင်းပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ယ​နေ့​ခေတ်အချိန်မှာ မိမိစီးပွား​ရေးလုပ်ငန်း​များ ​နှောင့်​နှေးမှုမရှိဘဲ​ဆောင်ရွက်နိုင်ရန် အဆင်သင့်ရှိ​နေ​သောပစ္စည်းများကို ​ရွေးချယ်ဝယ်ယူအသုံးပြုနိုင်ခြင်းဟာလည်း မပါမဖြစ် ထည့်သွင်းစဥ်းစားရမှာပါ။ ပစ္စည်းရှိပြီဆိုရင် ဘယ်​လောက်မြန်မြန်ပို့​​ပေးမှာလဲ? ပို့ခ​ပေးရမှာလား? ဆိုတာ​​လေး​တွေကိုလည်း သိရပါမယ်။ (Novel Furniture မှာ အဆင်သင့်ရှိပစ္စည်းများကို ရန်ကုန်မြို့တွင်း ပို့ခ (အခမဲ့)ဖြင့် မှာယူပြီး ၃ရက်အတွင်း အမြန်ဆုံး ပို့​ပေးပါတယ်)

3 – Product Warranty _ အနည်းဆုံး 1-3 Year အာမခံချက်​ပေးထား​​သော ပစ္စည်း​များကိုပဲ ​ရွေးချယ်ဝယ်ယူသင့်ပါတယ်။ Office Furniture များဟာ ​ပေါ့ပါး​သေးငယ်ပြီး အလွယ်တကူ ဖြုတ်/တပ် သယ်ယူလို့ရတဲ့ ပစ္စည်းများ မဟုတ်တာ​ကြောင့် တာဝန်ယူမှုအာမခံချက်မပါ​သောပစ္စည်းများကို ​ဝယ်ယူခဲ့ပါက ဝယ်ယူပြီး ခဏ​​မှာ ပျက်စီးကျိုးပဲ့ခဲ့၍ ထပ်မံဝယ်ယူရလျှင် ငွေပိုကုန် အချိန်ကုန်လူပမ်းနှင့် အလုပ်ရှုပ်မှာ ဖြစ်ပါတယ်။ (Novel Furniture မှ ပစ္စည်းများအားလုံး 1 Year Warranty ​ပေးထားပါတယ်)

4 – Price _ ? Expensive Isn’t Always Best ?
​စျေးကြီးတန်ဖိုးကြီး​ပေးမှ​ကောင်းတယ်ဆိုတာ မှန်သင့်သ​လောက်ပဲမှန်ပါတယ်။ Quality တူညီ​သော ပစ္စည်းများကို ​စျေးနှုန်းမြင့်မား​စွာ​​စျေးကြီးပေး၍ မဝယ်ယူမိ​စေရန် မဝယ်ခင် အထူးဂရုစိုက်​လေ့လာပြီးမှ ဝယ်ယူသင့်ပါတယ်။ ထို့အတူပင် အရည်အ​သွေးမပြည့်မှီတဲ့ ပုံစံတူ ပစ္စည်းများကို ​စျေး​ပေါ​ပေါဖြင့် ​အဝယ်မမှား​​စေရန်အတွက်လည်း ယခုပို့စ်​ပါ အကြံပြုအချက်များက ​တဖက်တလှမ်းက အ​ထောက်အကူပြု​ပေးနိုင်ပါမှာ ဖြစ်ပါတယ်။ (​Novel Furniture မှာ Good Quality ​Product များကို Affordable Price နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်)

5 – Customer Sevice _ နောက်ဆုံးအချက်​လေးပါ။ မဝယ်ယူခင်/ဝယ်ယူစဥ်/ဝယ်ယူပြီး အချိန်များအားလုံးမှာ အဆင်​ပြေ​ချော​မွေ့စိတ်ချမ်းသာ​စေရန် မိမိလိုအပ်ချက်​များကို သိရှိနားလည်ကာ လုပ်ငန်းကျွမ်းကျင်ပြီး အ​တွေ့အကြုံရှိတဲ့ Professional Service ​ပေးနိုင်မည့် သူများထံမှ ​ရွေးချယ်ဝယ်ယူသင့်ပါတယ်။