Workplace Health Tips (Furniture)

By | November 26, 2020| 0 Comments
Novel

နေ့စဉ်နဲ့အမျှ မတူညီတဲ့နယ်ပယ်တွေမှာ တာဝန်ယူအလုပ်လုပ်နေကြသော ဝန်ထမ်းများအတွက် ကျန်းမာရေးသည်လည်း အရေးကြီးလှသည် မဟုတ်ပါလား။ ရုံးပြင်ပတွင် တာဝန်ထမ်းဆောင်နေကြရသူများရှိသလို၊ ရုံးတွင်း တစ်နေကုန် တာဝန်ကိုယ်စီယူနေကြရသည့် ဝန်ထမ်းများလည်း ရှိပါတယ်။

ရုံးတွင်းတစ်နေကုန်ထိုင်ပြီး ကွန်ပြူတာရှေ့တွင် အလုပ်လုပ်နေကြသူများအဖို့အချိန်ကြာလာသည်နှင့်အမျှ မိမိရွေးချယ် အသုံးပြုနေသည့် ထိုင်ခုံကြောင့် ကျောရိုးတစ်လျှောက်နှင့် ခါး၊ တင်ပါးဆုံ နာကျင်မှု့ဝေဒနာများခံစား ရလာနိုင်ပါတယ်။

ကြိုတင်ကာကွယ်ရန်

  • ဒီလိုနာကျင်မှုများမဖြစ်ရလေအောင် ကြိုတင်ကာကွယ်ရန်အတွက် မိမိခန္ဓာကိုယ်ကျောရိုးရဲ့ ‘S’ ပုံသဏ္ဏန်အနေအထားကို ဒဏ်မဖြစ်စေရန် ဂရုစိုက်ပေးရပါမယ်။
  • ထိုင်ခုံနောက်ကျော (Back Rest) နှင့် မိမိနောက်ကျောထိသည်အထိ ထိုင်ပြီး ထိုင်ခုံအဖျားလေးတွင် ကပ်ထိုင်ခြင်းမျိုးကို ရှောင်ကျဉ်ရပါမယ်။
  • မိမိခြေဖဝါးနှင့် ကြမ်းပြင်သည် ထိထိမိမိတစ်ပြေးညီတည်း ရှိနေရမည်ဖြစ်ပြီး ဒူးဆစ်မှာ ထောင့်မှန်အနေအထားကျစွာ ထားရှိရမှာ ဖြစ်ပါတယ်။

ထို့အပြင် မိမိအသုံးပြုသော ထိုင်ခုံရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ သမားရိုးကျထိုင်ခုံများကို အသုံးပြုခြင်းထက် မိမိခန္ဓာကိုယ်အတွက် ခါး၊ ကျောရိုးတစ်လျှောက်နှင့် လည်ပင်းကို သက်တောင့် သက်သာဖြစ်စေသော၊ ကျောရိုး နောက်ကျောကြွက်သားများနှင့် တင်ပါးဆုံကို အနေအထားမှန်ကန်စေရန် အထောက်အကူဖြစ်စေသည့် Lumber Support ပါရှိသော Ergonomic Chair များကိုသာ ရွေးချယ်၍ အသုံးပြုသင့်ပါတယ်။

မှန်ကန်သော ထိုင်ခုံအသုံးပြုမှုပုံစံဖြင့် ကျန်းမာရေး အတွက်အထောက်အကူပြုနိုင်သော Ergonomic Chair များကို ရွေးချယ်အသုံးပြုဖို့ Novel Furniture မှ တိုက်တွန်းပေးလိုက်ပါတယ်နော်။

Leave a Comment

Your email address will not be published.